Sunday, November 11, 2012

ပျဉ်းမနားမြို့ ကမ္ဘောဇဘဏ်ဘေးတွင် မီးလန့်မှုတစ်ခုဖြစ်ပွား

ယနေ့ (၁၂.၁၁.၂၀၁၂) ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ ဘိုတောက်ထိန်လမ်းနှင့် ဦးဘွားလမ်းထောင့်ရှိ ငွေစန္ဒာ စတိုးဆိုင် (ကမ္ဘောဇဘဏ်) ဘေးတွင် မီးလန့်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါမီးလန့်မှုသည် ၀ါယာရှော့ကြောင့် ဖြစ်ကြောင်း ပြောကြားချက်များအရသိရသည်။ ပျဉ်းမနား မီးသတ်စခန်းမှ မီးသတ်ကားတစ်စီး ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ရပ်မိရပ်ဖများမှလည်း ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ရသည်ကိုလည်း သိရှိရသည်။
ပျဉ်းမနားရှိ ငွေစန္ဒာ စတိုးဆိုင်၏ မီးလန့်မှုသည် နာရီဝက်ခန့်အကြာတွင် ငြိမ်းသတ်သွား ပြီ ဖြစ်ကြောင်းသတင်းရရှိပါသည်။
 
Ref: Popular Myanmar News Journal
 

No comments:

Post a Comment