Sunday, November 11, 2012

3D စနစ် လေယာဉ် အတုဖြင့် ပထမဦးဆုံး အကြိမ် ပြည်တွင်းတွင် လေကြောင်း ထိန်းသိမ်းရေး သင်တန်း ပို့ချသွားမည်

ပြည်တွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် 3D စနစ် လေယာဉ်အတုတွေနဲ့ ပို့ချမယ့်လေကြောင်း ထိန်းသိမ်းရေး သင်တန်းကို လာမယ့် ဇန်န၀ါရီလမှာ ဖွင့်လှစ်ဖို့ရှိတယ်လို့  လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်ရဲ့လိုအပ်ချက်များနဲ့အညီ စာတွေ့၊ လက်တွေ့ သင်ကြားဖို့အတွက် သင်ထောက်ကူပြုကိရိယာ များ တပ်ဆင်ထားတဲ့ 3D Flight Simulator အဆောက်အဦးမှာ သင်ကြားပို့ချ ပေးမှာ ဖြစ်ပါတယ်။

ယခင်က လေကြောင်းထိန်းသိမ်းရေးသင်တန်းအတွက် လက်တွေ့သင်ကြားမှု လိုအပ်တဲ့ 3D Flight Simulator အဆောက်အဦး မရှိတာကြောင့် နိုင်ငံခြားမှာ သွားတက်ရောက်ရတာ ဖြစ်ပါတယ်။  အခုအခါ မှာတော့ ပြည်တွင်းမှာ ပထမဆုံးအကြိမ်အဖြစ် စာတွေ့အပြင် လက်တွေ့ Simulator နဲ့ပါ ပို့ချမှာ ဖြစ်တယ် လို့ လေကြောင်း ပို့ချရေး ညွှန်ကြားမှု ဦးစီးဌာနမှ ပြောကြားချက်အရ သိရပါတယ်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ လေကြောင်းထိန်း ၀န်ထမ်းများ လုပ်ငန်း စွမ်းရည် မြင့်မားစေရေး အတွက် လုပ်ငန်းခွင် သင်တန်းများ၊ အထူးကျွမ်းကျင်မှုသင်တန်းများ၊ လေကြောင်း ထိန်းသိမ်းရေး သင်တန်းများကို ၂၀၁၀ ခုနှစ် မတ်လမှ စတင်ကာ သင်တန်းများ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။

Ref: MRTV 4

No comments:

Post a Comment