ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို
လိုင်းဖြတ်တောက်ရန်နှင့် အရေးယူမှုများ ပြုလုပ်ရန် မရှိကြောင်း ဆက်သွယ်ရေး၊
စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။
အင်တာနက်နှင့် ပြည်တွင်းမီဒီယာအချို့တွင် ဖော်ပြနေသကဲ့သို့
မိုဘိုင်းဖုန်းများတွင် Viber စနစ် ထည့်သွင်း၍ ပြည်တွင်း၊ ပြည်ပသို့
ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါက ဖုန်းလိုင်းဖြတ်တောက်ခြင်းနှင့်
တရားဆွဲ ဆိုမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber
စနစ်ကိုသုံးရင် အရေးယူမယ်။လိုင်းဖြတ်မယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။
Viber စနစ်နဲ့ ဖုန်းခေါ်တာ ပြည်သူတွေအကျိုးရှိနေတာပဲ။ ဘာမှအရေးယူဆောင်ရွက် တာတွေ ပြုလုပ်ဖို့မရှိပါဘူး''ဟု ပြောကြားခဲ့သည်။
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ဆက်သွယ်ရေးသင်တန်းကျောင်းအုပ်ကြီး
ဦးကျော်စိုးက ''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင်
အရေးယူမယ်ဆိုတာကို ကျွန်တော်တို့ဆီက အင်ဂျင်နီယာချုပ်တွေ တစ်ယောက်မှ
မပြောပါဘူး''ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် Skype,Pfingo နှင့် Viber စနစ်များဖြင့်
နိုင်ငံတကာသို့ တရားမ၀င် ဆက်သွယ်မှုများ
ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ မိုဘိုင်းဖုန်း Sim Card ကို အသုံးပြု၍ Viber
စနစ်ဖြင့် အသုံးပြုနေခြင်းများအတွက် မသင်္ကာသည့်မိုဘိုင်းဖုန်းများကို
ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ကာ တရား မ၀င်သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိပါက
ဖုန်းလိုင်းကို ပိတ်ပင်သွားမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ် သည်။
Ref: Eleven Media Group
No comments:
Post a Comment