လာရောက်ကြိုဆိုသူများကို
နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတနှင့်သမ္မတအား ကြိုဆိုနေသူများကို
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ
ကုလသမဂ္ဂ ဌာနချုပ်ရုံး တွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင်
ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတကို ဒီမိုကရက်တစ်ပါတီ
(မြန်မာ) တို့မှ ပါတီဝင်များ၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ အခြားနိုင်ငံရေးပါတီဝင်များ၊ အနုပညာရှင် များ၊
စက်မှုလုပ်ငန်းရှင်ကြီးများနှင့် တိုင်းရင်းသားလူငယ်များ၊ Myanmar Egress
သင်တန်းသားများနှင့် အဖွဲ့ဝင်များ၊ အထည်ချုပ်စက်ရုံများမှ ၀န်ထမ်းများ၊
ဌာနဆိုင်ရာ အသီးသီးမှ အဆင့်မြင့်အရာရှိ များနှင့် ပြည်သူများက
လာရောက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။
လာရောက်ကြိုဆိုသူများကို
နှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတနှင့်သမ္မတအား ကြိုဆိုနေသူများကို
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်တွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
အဆိုပါ လာရောက်ကြိုဆိုသူများသည် နံနက် ၇ နာရီခန့်မှ စတင်ကာ
ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ်ရှေ့တွင် 'နိုင်ငံတကာတွင် မြန်မာ့ဂုဏ်ကို
ဆောင်ခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား ကြိုဆိုပါ၏'၊
'Congratulation Mr.President '၊ 'We Support You '၊ 'ပြည်သူသန်း ၆၀ အတွက်
သမိုင်းဝင်အပြောင်းအလဲကို ဆောင်ကျဉ်းသူသမ္မတကြီး ဦးသိန်းစိန်အား လှိုက်လှဲစွာ
ကြိုဆိုပါ၏'၊ အစရှိသော စာတန်းများကိုင်ဆောင်ကာ စောင့်ဆိုင်းနေခဲ့ကြပြီး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နံနက် ၉ နာရီ ၂၀ မိနစ်တွင် စင်ကာပူ Silk
Air လေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ရာ ကြိုတင်စောင့်ဆိုင်း
ကြိုဆိုနေသူများက ''သမ္မတကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊
ဂုဏ်ယူပါတယ် သမ္မတကြီး'' စသည့် ကြွေးကြော်သံများဖြင့် ကြိုဆိုခဲ့ ကြကြောင်း
သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ နိုင်ငံတော်သမ္မတအား ကြိုဆိုနေသူများကိုတွေ့ရစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
ရခိုင်တိုင်းရင်းသူတစ်ဦးက ''ကျွန်မက ရခိုင်ပြည်နယ် စစ်တွေကပါ။ Myanmar
Egress မှာ သင်တန်းလာတက်တာပါ။ အခုလို လာကြိုခွင့်ရတာ ၀မ်းသာပါတယ်။
ကြိုဆိုရမယ်လို့ မမျှော်လင့်ပါဘူး။ အခုလို အပြောင်းအလဲတွေလုပ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ ဒီထက်မက တိုးတက်အောင်လုပ်ပေး ပါလို့ သမ္မတကြီးကို
တောင်းဆိုပါတယ်''ဟု ပြောပြခဲ့ပါသည်။
နိုင်ငံသမ္မတကြီးကို ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများမှ
အထည်ချုပ်ဝန်ထမ်းများမှလည်း ''မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းနှင့်
အလုပ်သမားများအကျိုးအတွက် အထူးဆောင်ရွက်ပေးသော နိုင်ငံတော်သမ္မကြီး အား
ဂုဏ်ပြု ကြိုဆိုပါသည်''ဟူသည့် ဆိုင်းဘုတ်များနှင့် ကြိုဆိုခဲ့ကြသည်။
လှိုင်သာယာမြို့နယ် လက်ဝါးအထည်ချုပ်စက်ရုံမှ
ဝန်ထမ်းအမျိုးသမီးတစ်ဦးက ''မနက် ၇ နာရီကတည်း က ရောက်နေတာပါ။ စက်ရုံက
စီစဉ်ပေးမှုနဲ့ အခုလိုလာကြိုခွင့်ရတာပါ။ အခုလိုလာကြိုခွင့်ရတာ အရမ်းဝမ်းသာပါတယ်။
သမ္မတကြီးအနေနဲ့ ဒီ့ထက်အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်ပေးပါလို့
တောင်းဆိုချင် ပါတယ်။ လူနေမှုအဆင့်အတန်းတွေ ဒီထက်ပိုပြီးကောင်းအောင်
လုပ်ဆောင်ပေးမယ်လို့လည်း ယုံကြည်ပါ တယ်''ဟု ပြောပြပါသည်။

အထည်ချုပ်စက်ရုံ
အလုပ်သမများမှ နိုင်ငံတော်သမ္မတအား ဂုဏ်ပြုကြိုဆိုကြောင်း ဖော်ပြသည့်
ဆိုင်းဘုတ်များရေး သားနေစဉ် ဓါတ်ပုံ - အောင်ဇော်ထွန်း
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ''နိုင်ငံအကျိုး အတွက်
အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေတဲ့ သမ္မတကြီးကို လာရောက်ကြိုဆိုတာပါ။
တိုင်းသူပြည်သားတွေအားလုံး သာယာဝပြောတဲ့ ဘ၀ရှေ့တက်လမ်းတွေအတွက်
တံခါးဖွင့်ပေးတဲ့ သမ္မတကြီးကို ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
သမ္မတကြီးကို လာကြိုချင်ကြတယ်ဆိုလို့ ကျွန်တော်တို့က စီစဉ်ပေးတာပါ။
တစ်နိုင်ငံလုံးက ပြည်သူတွေ စိတ်ချမ်းသာသာနဲ့ နေထိုင်နိုင်အောင် သမ္မတကြီးက
အစွမ်းကုန် ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်''ဟု ပြောပြခဲ့ပါသည်။
''ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတလည်းဖြစ်တယ်။ ကျွန်တော်တို့ ပါတီရဲ့ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ခဲ့ဖူးတယ်။ သန်းခြောက်ဆယ်သော ပြည်သူတွေအတွက်
ဒီမိုကရေစီဖော်ဆောင်ပေးနေလို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမယ့်တာဝန်
ကျွန်တော်တို့မှာ ရှိပါတယ်။''ဟု ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ
ရန်ကုန်တိုင်းဒေ သကြီး တိုင်းကော်မတီအဖွဲ့ဝင် ဦးတင်ဝင်းက ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ စက်တင်ဘာလ ၂၄ရက်နေ့က
စတင်ထွက်ခွာခဲ့ပြီး အမေရိကန်နိုင်ငံတွင် ခေတ္တရောက်ရှိနေသော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခြင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံခြင်း၊ အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ
ကုလသမဂ္ဂဌာနချုပ်ရုံးတွင်ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခြင်း၊
ဘင်္ဂလားဒေရှ့် ၀န်ကြီးချုပ်နှင့် တွေ့ဆုံခြင်း၊ နယူးယောက်မြို့ရှိ အာရှအသင်းတွင်
တွေ့ဆုံမေးမြန်းဖြေကြားခြင်း များ ပြည်ပမီဒီယာများနှင့်
တွေ့ဆုံမေးမြန်းဖြေကြားခြင်းများ၊ ပြည်ပအခြေစိုက် မြန်မာမီဒီယာများနှင့်
တွေ့ ဆုံခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
Ref: Eleven Media Group & နိုင်ငံ့ပိုင်သတင်းစာများ
No comments:
Post a Comment