Tuesday, October 23, 2012

မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့တွင်ဖြစ်ပေါ်ခဲ့သော မီးလောင်မှုသတင်းအား ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့မှ စတင်ခဲ့သော မီးလောင်မှုများတွင် ရှို့သောမီးများဖြစ်ကြောင်းနှင့် ယင်းမှ တဆင့်ကူးစက်မှုများ ဖြစ်ပေါ်ခဲ့ရာ နောက်ဆုံးရသတင်းများအရ အိမ်ခြေ ၃၂၀ ခန့် မီးလောင်ကျွမ်း ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
ဦးစွာဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက် မင်းပြားမြို့တွင် ဖြစ်ပွားသောဖြစ်စဉ်မှာ မင်းပြားမြို့၊ ပိုက်သည်ရွာ တွင် ၂၁ ရက်နေ့ည ၁၀ နာရီခန့်တွင် ဘင်္ဂလီလူမျိုး ဘူတီးယာနှင့် သူ့ဇနီးအမီနာခါတူတို့ အချင်းများ ရန်ဖြစ်နေကြသည်ကို ရွာချင်းထိစပ်နေသည့် ကင်းဆိပ်ရွာနေဦးစံသိန်းမှ သူ့နေအိမ်ဘက်မှ လှမ်းကြည့်ရာ တွင် ဘူတီးယာက မကျေနပ်သဖြင့် ဦးစံသိန်းအား လေးဂွဖြင့်ပစ်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား
ကင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ခမရ ၅၄၀ မှ ဗိုလ်ဦးစံသိန်းက သွားရောက်တင်ပြခဲ့ရာ မင်းပြား စခန်းမှူးအား ထပ်မံကြောင်းကြားပြီး ခမရ ၅၄၀ မှအင်အား ၁၈ ဦးနှင့် မင်းပြားရဲစခန်းမှူး အပါအ၀င် အင်အား ၁၄ ဦး တို့က ည ၁၁ နာရီတွင်ကင်းဆိပ်ရွာသို့ ရောက်လာခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် အရပ်သားအင်အား ၅၀၀ ခန့် ရှိနေပြီဖြစ်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းမဖက်ကြရန် ဟန့်တားပြောဆိုနေစဉ် လူအချို့က ဓါတ်ဆီပုလင်းများဖြင့်ပစ်ပေါက်ပြီး ပိုက်သည်ရွာကို မီးရှို့မှုဖြစ်ခဲ့ ရာ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရကြောင်းနှင့် မီးလောင်မှုအား မီးသတ်ကားများနှင့် ကျေးရွာသားများ ၀န်းဝိုင်းငြိမ်းသတ်ခဲ့ကြသော်လည်း အိမ်ခြေ ၁၇ လုံး မီးလောင်ကျွမ်းခဲ့ရကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ နိုင်ချေ (ဘ) ဦးဘညွန့်၊ ကျော်သူ (ဘ) ဦးမြသာတို့အား ဖမ်းဆီးရန် စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်သောသတင်းများအရ သိရှိရပါသည်။
သို့သော်လည်း အရပ်ဘက်သတင်းများအရ ဘင်္ဂလီငါးဦးသည် ရခိုင်ရွာတွင်းသို့ မီးရှို့ရန်ဝင်ရောက်လာ ခဲ့သဖြင့် တစ်ဦးအား ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရပါသည်။ ယင်းဘင်္ဂလီအား ရဲစခန်းမှ ထိန်းသိမ်းထားလိုက် ပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။ ထို့နောက် မီးလောင်မှုနှင့် ဆက်စပ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ချက်မှာ ၂၀၁၂၊ အောက်တိုဘာ ၂၂ ရက်နေ့ နံက် ၈ နာရီခန့်တွင် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေး ရွာအုပ်စု၊ သရက်အုပ်မူဆင်ရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် မင်းပြားရဲစခန်းမှူး ဒုရဲအုပ်ဘိုထင်ကျော်နှင့် ခမရ ၅၄၀ မှ ဘသောင်းနိုင် ဦးစီးသောအဖွဲ့များ ရောက်ရှိသွားခဲ့ကြောင်း၊ ထိုအချိန်တွင် မြေစိုက်၊ ဓနိမိုး၊ ထရံကာ၊ တဲ အလုံး ၂၀ ခန့် မီးလောင်နေကြောင်း တွေ့ရသည်။ အီစ္စမန်၊ ၅၀ နှစ်၊ (ဘ)နာဆာမျာ၏ တဲအိမ်ကို ပန်းမြောင်းကျေးရွာနေ ရခိုင်လူမျိုး ၃၀၀ ဦးခန့်က စတင်မီးရှို့ခဲ့ ရာ ဘင်္ဂလီလူမျိုးများကလည်း သူတို့၏တဲအိမ်များကို ပြန်လည်မီးရှို့ခဲ့ကြကြောင်းသိရသည်။ ရောက်ရှိ လာသော လုံခြုံရေးအဖွဲ့များက သေနတ် ၁၅ ချက် မိုးပေါ်ထောင် ပစ်ဖောက်ခဲ့သဖြင့် ၈း ၃၀ နာရီခန့်တွင် လူစုကွဲသွားကြကြောင်း သိရသည်။ လောင်နေသောမီးသည် ၉ နာရီခန့်တွင် မီးငြိမ်းခဲ့သော်လည်း မြေစိုက် တဲအိမ် ၁၅၀ နှင့် သွပ်မိုးပျဉ်ကာ အိမ် ၁၀ အိမ်ခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။ သို့သော်လည်း အရပ်ဘက်သတင်းများအရ အဆိုပါရွာအားမီးရှို့မှုတွင် ဘင်္ဂလီများကသာ စတင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရခိုင်အိမ်နှင့် ကပ်ရပ်လျက်ရှိ ဘင်္ဂလီအိမ်အား စတင်ပြီးမီးရှို့ကာ ရခိုင်အိမ်သို့ မီးကူးစက်စေရန် လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြပါသည်။ စစ်ဒေသကွပ်ကဲမှုဌာနချုပ် ၉ မှ စကခ မှူး၊ ခေတ္တမြို့နယ်အုပ် ချုပ်ရေးမှူး၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူးတို့မှ ပန်းမြောင်းစခန်းမှူး ဘိုထင်ကျော်ဦးစီးသည့်အဖွဲ့နှင့်အတူ နယ်မြေအေးချမ်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ မနက် ၁၀း၄၀ ခန့်တွင် ပရိန်ကုန်း မူဆလင်ရွာတွင် မီးလောင်မှုဖြစ်နေကြောင်း သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး စစ်တွေနှင့်အဖွဲ့ သွားရောက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ဖြစ်စဉ်မှာ သရက်အုပ်ဘင်္ဂလီရွာ မီးလောင်မှု ဖြစ်စဉ်အပေါ် ပရိန်ကုန်းဘင်္ဂလီရွာတွင်နေသော ဘင်္ဂလီလူမျိုးများမှ မခံမရပ်နိုင်ဖြစ်ပြီး သူတို့၏ တဲအိမ်များ အား မီးရှို့ပြီးထွက်ပြေးခဲ့ကြကြောင်း သိရသည်။ ထိုမီးကြောင့် ရခိုင်ရွာတွင်ရှိသော ပရိန်ကုန်းရခိုင်ရွာတွင် ရှိသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းသို့ မီးကူးစက်သည့်အတွက် ရခိုင်နှင့် ဘင်္ဂလီ အပြန်အလှန် မီးရှို့မှုများ ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းအတွက် တဲအိမ် ၁၄၃ လုံးမီးလောင်ကျွမ်းခဲ့ပြီး ညနေ ၄း၂၀ နာရီခန့်တွင် မီးညွန့်ကျိုးသွားကြောင်း သိရသည်။ ပရိန်ကုန်းရွာအပြင်ဘက် လယ်ကွင်းတွင် ဒဏ်ရာဖြင့် သေဆုံးနေသော ရခိုင်အမျိုးသားတစ်ဦး ကို တွေ့ရပြီး ရွာအတွင်းတွင် ဘင်္ဂလီအမျိုးသမီး ၂ ဦး သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။ မင်းပြားနှင့် မြောက်ဦးမြို့များသည် ယခင်က ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ထားသော နေရာမဟုတ်ကြောင်း၊ မြောက်ဦးမြို့သည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများရှိသည့်တွက် လုပ်ငန်းအပေါ်တွင် မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုကြသော လုပ်သားပြည်သူများ အကျိုးအလို့ ငှာ နိုင်ငံခြားသားများ ခရီးသွားလာခွင့်မပြုရန်ကန့်သတ်ချက်အား အောက်တိုဘာလ အစောပိုင်းက ပြည် နယ်ဝန်ကြီးချုပ်၏ တင်ပြချက်အရ နိုင်ငံတော်ကဖြေလျော့ပေးခဲ့ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ ဖြစ်သွားသည့်အတွက် နောင်အလားတူ ပြဿနာမျိုးမဖြစ်ရန် ရခိုင်ပြည်နယ်အစိုးရက မင်းပြားမြို့နှင့် မြောက်ဦးမြို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရန် နှင့် ညမထွက်ရ အမိန့်ကို ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း သတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။ သို့သော်လည်း ညနေပိုင်းတွင် ကျေးရွာအချို့သို့ မီးလောင်ခြင်းများ ကူးစက်လာခဲ့ရာ အောင် ဒိုင်ကျေးရွာနှင့် စမ်းပလေကျေးရွာ၊ လက်မကျေးရွာတို့တွင်လည်း မီးလောင်မှုဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရပါသည်။ ယင်းအတွက် မီလောင်မှုများထပ်မံဖြစ်ပွားမှုမရှိစေရန် ထိန်းသိမ်းကြရန် လိုအပ်လျက် ရှိကြောင်းလည်း သိရှိရပါသည်။ ထို့အပြင် ဒေသခံများ၏ ပြောကြားချက်အရ ဖြစ်စဉ်များတွင် ရခိုင်လူမျိုး (၈) ဦးအထိ ဒါဏ်ရာရှိခဲ့ကြောင်း မြောက်ဦးဆေးရုံမှ အမည်မဖော်လိုသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါ သည်။ ထိုလူ (၈) ဦးအနက် (၃) ဦးမှာ ဒါဏ်ရာပင်းထန်လွန်းသဖြင့် ညတွင်းချင်း စစ်တွေဆေးရုံသို့ ပို့ဆောင်ရန်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment