Wednesday, October 10, 2012

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည့် ကားများအတွက် မော်ဒယ်တစ်နှစ်ထပ်မံတိုးမြင့်ပေးမည်၊ ကား CIF ဈေးများ ပြောင်းလဲရန် အစီအစဉ်မရှိ

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည့်ကားများအတွက် မော်ဒယ်တစ်နှစ် ထပ်မံ တိုးမြင့်ပေးမည်။
လက်ရှိတင်သွင်းရန် သတ်မှတ်ထားသည့်ကား၏ CIF ဈေးများကို ပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်းနှင့်  ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ တင်သွင်းရမည့်ကားများအတွက် မော်ဒယ် တစ်နှစ် ထပ်မံတိုးမြင့်ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကားဟောင်းများအပ်နှံ၍ အသစ်ပြန်လည်တင်သွင်းသည့်ကားများအတွက်ဖြစ်စေ၊ တစ်ဦးချင်း တင်သွင်း သည့် အစီအစဉ်အရ တင်သွင်းသည့် ကားများအတွက်ဖြစ်စေ တင်သွင်းရန် လက်ရှိသတ်မှတ်ပေးထားသည့် ကားမျိုးစုံအတွက် CIF ဈေးများကို ပြင်ဆင်လျော့ချရန် အစီအစဉ်မရှိကြောင်း၊ လျော့ချမည့်အစီအစဉ် အတွက်လည်း ဆွေးနွေးမှုမရှိကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပ
သည့် မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ ကြီးကြပ်မှုကော်မတီအစည်းအဝေးမှ သတင်းရရှိသည်။
''ကား CIF ဈေးတွေကို လျော့ချဖို့ ပြောင်းလဲဖို့အစီအစဉ်ကို ဆွေးနွေးခဲ့ခြင်းမရှိပါဘူး။ CIF ဈေးတွေဟာ လက်ရှိသတ်မှတ်ထားတဲ့အတိုင်းပါပဲ'' ဟု အဆိုပါအစည်းအဝေးသို့တက်ရောက်ခဲ့သူ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
ကားတင်သွင်းသူများအတွက် တင်သွင်းရမည့်ကားများ၏ မော်ဒယ်များကို တစ်နှစ်ထပ်မံတိုးမြင့်ပေးသွား မည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
''ကားဟောင်းအပ်ပြီးမှ သွင်းရတဲ့သူတွေအတွက် အခုသတ်မှတ်ထားတာက ၁၉၉၆ မော်ဒယ်ကနေ ၂၀၀၇ မော်ဒယ်ဖြစ်တယ်။ ဒါကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကစပြီး ၁၉၉၇ မော်ဒယ်ကနေ ၂၀၀၇ မော်ဒယ်အထိ မော်ဒယ်တစ်နှစ်တိုးပြီး တင်သွင်းခွင့်ပြုမှာပါ။ တစ်ဦးချင်းသွင်းတဲ့သူတွေအတွက် လည်း အခု ၂၀၀၇ မော်ဒယ်အထက်သတ်မှတ်ထားပေမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တင်သွင်းခွင့်ပြုဖို့ ဆွေးနွေးခဲ့ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။
ယင်းအပြင် အဆိုပါအစည်းအဝေးတွင် လာမည့် ၂၀၁၃ ခုနှစ်အတွင်း ကားသစ်များ တင်သွင်းရောင်းချ မည့်သူများ အရောင်းခန်းမများ ဖွင့်လှစ်ရောင်းချနိုင်ရန် ဆွေးနွေးခဲ့ပြီး ကားသစ်များတင်သွင်းရောင်းချမည့် အရောင်းခန်းမများ ဖွင့်လှစ်ရာတွင် မည်သည့်စနစ်များဖြင့် သတ်မှတ်ဖွင့်လှစ်ခွင့်ပြုမည်ဆိုသည့် အစီအစဉ် များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment