စတော့ဟုမ်း၊ အောက်တိုဘာ ၈
ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လျာထားစာရင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါရှိနေကြောင်း AFP သတင်းအရသိရသည်။
ယခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လျာထားစာရင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပါရှိနေကြောင်း AFP သတင်းအရသိရသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏ အမည်များကို
ထုတ်ဖော်ပြော ကြားလေ့မရှိသော်လည်း နော်ဝေနိုင်ငံအော်စလိုမြို့
ငြိမ်းချမ်းရေးသုတေသန အင်စတီကျု့အကြီးအကဲ Mr.Kristian Berg Harpviken
ကအဆိုပါကော်မတီ၏ လုပ်နည်းလုပ်ငန်းကို လေ့လာပြီး ဆုရရှိနိုင်ခြေရှိသူ
လျာထားအတိုချုပ်စာရင်းအား နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။
ယခုနှစ်အတွက်
ထုတ်ပြန်သော ငြိမ်းချမ်းရေးနိုဘယ်ဆုလျာထားစာရင်းတွင်
သမ္မတဦးသိန်းစိန်နှင့်အတူ အကြမ်းမဖက်ငြိမ်းချမ်းစွာ တော်လှန်ရေးဆိုင်ရာကျွမ်းကျင်သူ အမေရိကန်နိုင်ငံသား Dr . Sharp ၊ရုရှားသူ အခွင့်အရေးအုပ်စု
Memorial တည်ထောင်သူ Ms Svetlana Gannushkina ၊ အမှီအခိုကင်းသော
ရုရှားမီဒီယာအဖွဲ့ Echo of Moscow တည်ထောင်သူ Mr Alexei Venediktov
၊ ဘာသာရေးအား လွဲမှားစွာအသုံးပြုခြင်းကိုဆန့်ကျင်သူ နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးတို့ ပါဝင်ကြသည်။ ငြိမ်းချမ်းရေးနိုဘယ် ဆုရှင်အား
အောက်တိုဘာလ ( ၁၂ )ရက်တွင်ကြေငြာမည်ဖြစ်သည်။
Ref - AFP
No comments:
Post a Comment