အောက်တိုဘာလ ၁ ရက်နေ့
ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်ဝန်ထမ်းတစ်ဦးမှ ညကိုးနာရီကျော်သွား၍ ပြန်ခိုင်းရာမှစ၍ မကျေမနပ်ဖြစ်နေသူများက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာဖြင့် အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်ဝန်ထမ်းတစ်ဦးမှ ညကိုးနာရီကျော်သွား၍ ပြန်ခိုင်းရာမှစ၍ မကျေမနပ်ဖြစ်နေသူများက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာဖြင့် အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁ ရက်နေ့ ည ၉နာရီကျော်တွင် ကမာရွတ်မြို့နယ်ရှိ
အင်းယားကန်ဘောင် လုံခြုံရေးဝန်ထမ်းတစ်ဦးက ကန်ဘောင်ပေါ်မှ
ဆင်းခိုင်းခဲ့သဖြင့် မကျေမနပ်ဖြစ်နေသောသူများက ည ၁၁ နာရီဝန်းကျင်တွင်
ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အဆိုပါဝန်ထမ်းကို
ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်
ခဲ့ကြောင်း သိရသည်။
ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့်သူများက လုံခြုံရေးဝန်ထမ်းအပြင်
ကန်ဘောင်တွင်ရှိနေသည့် ဆိုင်ဝန်ထမ်းများ ကိုလည်း လိုက်လံ၍
ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ
အင်းယားကန်ဘောင်တွင် ဖွင့်လှစ်ထား သည့် ရွှေမိသားစုစားသောက်ဆိုင်မှ
တာဝန်ခံဖြစ်သူ ကျော်မင်းစိုးက '' ကန်ဘောင်က လုံခြုံရေးဝန်ထမ်းတွေ က ည
၉နာရီကျော်ရင် လာပြီးလည်ပတ်တဲ့သူတွေကို ပြန်ဖို့ပြောနေကျပဲ။ အဲဒီနေ့က
အုပ်စုတစ်စုက ကန်ဘောင်မှာရှိတဲ့ အမှိုက်ပုံးကိုကန်လိုက်တာ လဲသွားလို့
အဲဒီလုံခြုံရေးဝန်ထမ်းက ပြန်ထောင်ဖို့ သွားပြော ခဲ့တာကိုလည်း
သူတို့မကျေနပ်ဖြစ်ခဲ့တယ်။ အဲဒါနဲ့ သူတို့အဖွဲ့က ဆိုင်ကယ် ၉ စီးနဲ့
ကန်ဘောင် အနောက်ဘက်ကနေ ပြန်တက်လာပြီးတော့ ရန်ရှာသွားတယ်။ ည ၁၁ နာရီလောက်မှာ
အယောက်အစိတ်နဲ့ သုံးဆယ်ကြားမှာရှိတဲ့သူတွေက ကန်ဘောင်ပေါ်ကို
ဖြန့်တက်လာပြီးတော့ အဲဒီလုံခြုံရေးကို ရှာပြီး ၀ိုင်းဝန်းထိုးတယ်။ ပြီးတော့
တွေ့တဲ့သူတွေကိုလည်း သူတို့ပါလာတဲ့ ဓားတွေ၊ တုတ်တွေနဲ့ ၀ိုင်းရိုက်တယ်။
ကျွန်တော်ကတော့ ကံကောင်းလို့ ခုတ်တာကိုရှောင်နိုင်ပြီး
ပြေးလို့လွတ်ခဲ့ပေမယ့် ရိုက်လို့ ထိထားတဲ့ ဒဏ်ရာကြောင့် ဆေးရုံတက်ပြီးတော့
ဆေးကုသမှုခံယူခဲ့ရပါတယ်။ အားလုံး လေး၊ ငါးယောက်လောက် ဒဏ်ရာတွေရခဲ့တယ်။
တစ်ယောက်ဆိုရင် ဓားနဲ့ခုတ်တာ ထိသွားတဲ့အတွက်ကြောင့်မို့လို့
လက်သန်းပြတ် သွားပါတယ်'' ဟု ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်ကို
ပြန်လည်ပြောပြခဲ့သည်။
ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားပြီးသည့် ည ၁၁ နာရီကျော်အချိန်တွင်
သက်ဆိုင်ရာမြို့နယ်ရဲစခန်းသို့ အကြောင်းကြားတိုင်ခဲ့သော်လည်း
ရဲတပ်ဖွဲ့ဝင်များက နံနက် ၁ နာရီကျော် အချိန်တွင်ရောက်ရှိပြီး
စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါကဲ့သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး
ထိုးကြိတ်ရိုက်နှက်သူများကို အောက်တိုဘာလ ၈ရက်နေ့အထိ
ဖမ်းမိသေးခြင်းမရှိကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းမှ သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ကမာရွတ်မြို့နယ်ရဲစခန်းမှ စခန်းမှူးဖြစ်သူ
ရဲအုပ်အောင်မော်က '' ကျွန်တော်တို့ အနေနဲ့ အခုလိုပြစ်မှုကျူးလွန်သွားတဲ့သူတွေကို စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ အခု
ဒီဖြစ်စဉ်ဖြစ်သွားပြီး တဲ့နောက်မှာတော့ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့ဝင်
၁၀ ဦးနဲ့ လှိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့က လှည့်ကင်းတွေ လှည့်ပြီးတော့
လုံခြုံရေးကို ဆောင်ရွက်နေပါတယ်။ ကန်ဘောင်ကို ညပိုင်းလာတဲ့သူတွေ အများစုက
မူးယစ်နေတဲ့သူတွေနဲ့ သောက်စားဖို့လာတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့
ညပိုင်းတွေမှာ လာအပန်းဖြေတဲ့သူတွေ သတိထားပြီးတော့ သွားလာသင့်ပါတယ်'' ဟု
ပြောကြားခဲ့သည်။
ဖြစ်စဉ်ကို ကမာရွတ်ရဲစခန်း (ပ) ၄၀၅/၂၀၁၂ ပုဒ်မ ၂၉၄/ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Ref: Eleven Media Group
No comments:
Post a Comment