ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို
စတင်ဖြတ်ကျော်နေပြီဖြစ် ပြီး မြန်မာနိုင်ငံတွင် ဒေသအချို့၌ မုန်တိုင်း၏
သက်ရောက်မှုကြောင့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေကြောင်း မိုးလေ၀သနှင့်
ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။
''မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်နေပါပြီ။ ရခိုင်ပြည်နယ် မောင်တော၊ ကျောက်ဖြူဘက်မှာတော့ မိုးရွာနေ တယ်။ မောင်တောမှာ ၁၆၉ မီလီမီတာလောက်အထိ မိုးရွာတယ်။ လေက တစ်နာရီကို ၄၅ မိုင်နှုန်း တိုက်နေ
ပါတယ်'' ဟု မိုးလေ၀သနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။''မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်နေပါပြီ။ ရခိုင်ပြည်နယ် မောင်တော၊ ကျောက်ဖြူဘက်မှာတော့ မိုးရွာနေ တယ်။ မောင်တောမှာ ၁၆၉ မီလီမီတာလောက်အထိ မိုးရွာတယ်။ လေက တစ်နာရီကို ၄၅ မိုင်နှုန်း တိုက်နေ
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ လာကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီခွဲအချိန် တိုင်းထွာချက်အဖြစ် ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါမုန်တိုင်းငယ်သည် ရခိုင်ပြည်နယ် မောင်တောမြို့၏ အနောက်မြောက်ဘက် မိုင် ၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခဲ့သည်။
မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံကို ဦးတည်ခြင်းမရှိကြောင်း သိရှိရသည်။
''မုန်တိုင်းငယ်က အ၀ါရောင် အဆင့်ဖြစ်ပါတယ်''ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။
မုန်တိုင်း၏ သက်ရောက်မှုကြောင့် ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။
အောက်တိုဘာလသည် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများကို သတိပြု ရသောကာလဖြစ်ပြီး ယခုဖြစ်ပေါ်သော မုန်တိုင်းသည် ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်ပေါ်သော မုန်တိုင်းဖြစ်သည်။
Ref: Eleven Media Group
No comments:
Post a Comment