MMA လက်ဝှေ့သမား အောင်လအန်ဆောင်နှင့် အောက်တိုဘာလ ၁၃ ရက်တွင်
ထိုးသတ်မည့် ပွဲကြော်ငြာအား တွေ့ရစဉ်
အမေရိကန်နိုင်ငံတွင် ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော Mixed
Martial Artist MMA ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ
ကချင်တိုင်းရင်းသား အောင်လအန်ဆောင် ကလာ မည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင်
ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသောငွေများအား ကချင်ဒုက္ခသည်များ အား
ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်မြစ်ကြီးနား ဇာတိဖြစ်သူ အောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ
မစ်ချီကန်ပြည်နယ် အင်ဒရူးတက္ကသိုလ်မှ စီးပွားရေးနှင့် မွေးမြူရေးသိပ္ပံဘွဲ့ရရှိခဲ့သူတစ်ဦး ဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄
ခုနှစ်မှစတင် သင်ကြားခဲ့သူတစ်ဦး ဖြစ်သည်။

The Burmese Python ဟု အမည်ပြောင်ခေါ်ကြသော အောင်လအန်ဆောင်သည် ၂၀၀၇
ခုနှစ်မှ စတင်ကာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများသို့
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိအချိန်အထိ ၂၃ ပွဲယှဉ်ပြိုင်ကစား အပြီးတွင်
၁၅ ပွဲနိုင်၊ ၈ပွဲ ရှုံး၊ သရေပွဲ မရှိစံချိန်ရရှိထားသူဖြစ်ပြီး လာမည့်
အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံ Rollins Center တွင်
မိုက်ဝယ်ကော့ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။
လက်ရှိကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပဋိပက္ခများကြောင့်
ဘေးလွတ်ရာသို့ ထွက်ပြေးနေရ သည့် ကချင်တိုင်းရင်းသားများ နှင့်ပတ်သက်၍
အောင်လအန်ဆောင်က “ ကျွန်တော်ကငယ်ငယ်လေးက တည်းကမြန်မာနိုင်ငံမှာ
ကြီးပြင်းလာတာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို
ကျွန်တော် ကြားသိနေရပါတယ်။ ဒါကြောင့် လာမယ့် အောက်တိုဘာလ ၁၃ ရက် မှာ
ထိုးမယ့်ပွဲကနေ ရလာတဲ့ငွေတွေ၊ စပွန်ဆာကြေးတွေ၊ လက်မှတ်ရောင်းရငွေတွေအားလုံးကို ကချင်ဒုက္ခသည်တွေဆီကို လှူဒါန်းမှာပါ။ ဒုက္ခရောက်နေတဲ့
သူတွေဆီကိုလည်း ကျွန်တော့်မှာရှိတဲ့ နည်းလမ်းတွေနဲ့ အားပေး
စကားပြောကြားမှာပါ။ သူတို့ရဲ့ငိုသံတွေကို ကျွန်တော်နားထဲမှာ အမြဲကြား
နေရပါတယ်”ဟု ပြောကြားခဲ့ သည်။
Ref: Eleven Media Group
No comments:
Post a Comment