နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်
ကိုရီးယားသမ္မတ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ်အဖြစ် အောက်တိုဘာလ ၇
ရက်နေ့ နံနက်ပိုင်းက နေပြည်တော် မှ တောင်ကိုရီးယားနိုင်ငံသို့
ထွက်ခွာသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ချစ်ကြည်ရေးခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
သမ္မတရုံးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်းနှင့်
ဦးတင်နိုင်သိန်း၊ လျပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီး
ဦးရဲမြင့်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊
ပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယ ၀န်ကြီး ဦးဟန်စိန်၊ ကျန်းမာရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်သည် ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတနှင့်
တွေ့ဆုံမည်ဖြစ်ပြီး တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း
တွေ့ဆုံရန်ရှိကာ စက်ရုံအလုပ်ရုံများကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment