Oct 9, 2012 10:49pm
အောက်တိုဘာ
၉ ရက်နေ့ညက ရန်ကုန်မြို့ ကောင်းကင်ယံတွင် အလင်းရောင်အကွက်အချို့
ဖြစ်ပေါ်နေ သည်ကို မြင်တွေ့သူ မြို့ခံအချို့ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပြီး
ထင်ကြေးအမျိုးမျိုး ပေးခဲ့သည်။
ကောင်းကင်ယံတွင် အလင်းရောင်အကွက်များ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းမှာ ရန်ကုန်ယူနိုက်တက် အသင်းပိုင်
(လှိုင်) မြက်ခင်းတုကွင်းအတွင်း၌ ထူးကုမ္ပဏီအုပ်စု (ထူးဖောင်ဒေးရှင်း) မှ
ပရဟိတလုပ်ငန်းများ တွင် အခမဲ့ပါဝင်ကူညီရန် မီးဆလိုက်များ၊ အသံစနစ်များ စသောစက်ပစ္စည်းများ စမ်းသပ်မှုပြုလုပ်ရာမှ ဆလိုက်မီးရောင်များ ကောင်းကင်ယံတွင်
ဖြတ်သန်းခဲ့၍ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း တာဝန် ရှိသူတစ်ဦးက
ပြောသည်။
"မနေ့ည ၇ နာရီခွဲလောက်ကနေ ၁၁ နာရီဝန်းကျင်လောက်အထိ အင်တာတိန်းမင့်စက်ပစ္စည်းတွေ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ အိုင်းရင်းခရော့စ်၊ အင်ပါယာတီးဝိုင်းတွေ အဆိုတော်တွေနဲ့ စမ်းတာပါ။ ထူးဖောင်ဒေးရှင်းက ပြုလုပ်မယ့် ရန်ပုံငွေပွဲတွေအတွက် စမ်းသပ်တာပါ"ဟု ရန်ကုန်ယူနိုက်တက်အသင်း အုပ်ချုပ်သူ ဦးအောင်ကျော်လွင်က ပြောသည်။

Ref: 7Day News Journal
No comments:
Post a Comment