မုံရွာမြို့ရဲ့တစ်ဦးတည်းသော၊ ဆိုက်ကားသမီး (အမျိုးသမီးဖြစ်၍ ဆိုက်ကားသမီး) ဖြစ်သော နန္ဒဝန်ရပ်ကွက် က အမျိုးသမီးတစ်ဦး၏ သု့ဘဝရုန်းကန်နေရသည့် ဘဝတစ်စိတ်တစ်ပိုင်းအား facebook ပေါ်မှာ တင်ပေးလိုက်တဲ့အခါစင်္ကာပူမှာ အလုပ်လုပ်နေတဲ့ 
မြန်မာအမျိုးသားတစ်ဦးနဲ့ သူငယ်ချင်းတွေက သနားလို့  ဆိုပြီးမုံရွာမှာရှိတဲ့  ကိုဟိန်းမင်းထက်၏ မိတ်ဆွေကို ဆက်သွယ်ပြီးအလှူငွေ ၂ သိန်းခွဲကို ဇူလိုင် ၉ ရက် မနက် ၉ နာရီမှာ ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပေးအပ်တာကို မုံရွာမြို့၊ ရန်ကင်းရပ်ရှိ ကိုလှမိုး၏နေအိမ်မှာ ထိုအမျိုးသမီးအကြောင်းအား ဖေ့ ဘုတ်ပေါ်တင်ပေးသူ ကိုမုံရွာမောင်၊ ကိုလှမိုးနှင့် ကိုဟိန်းမင်းထက်တို့  သုံးဦးရှေ့မှာ ပေးအပ်ခဲ့သည်။ သူမမှာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျမိနေသည်။
"စင်္ကာပူက ငွေလှမ်းကူတဲ့  ကိုဝင်းထွဋ် နဲ့  သူငယ်ချင်းတွေ၊ ဖေ့ဘုတ်ပေါ်တင်ပေးသူ ကိုမုံရွာမောင်၊ ကြားထဲ မှဆက်သွယ်ပေးတဲ့ ကိုလှမိုးတို့ကို အဆိုပါဆိုက်ကားသမီး ကိုယ်စားကျေးဇူးတင်ကြောင်း ကျွန်တော် ကပြောပြလိုက်ပါတယ်။" လို့ ကိုဟိန်းမင်းထက် ကဆိုကြောင်းသိရသည်။
(အထက်ပါအမျိုးသမီးမှာ ခင်ပွန်းသည်ဆိုက်ကားသမား ဆုံးပြီးနောက် ၉တန်း၊ ၁တန်း၊ သူငယ်တန်း ကလေး၃ယာက်နှင့် အိမ်ခန်းလေးတစ်ခုမှာ အိမ်လခ တစ်လတစ်သောင်းကျော်ကို ဆိုက်ကားနင်းရင်း ရှာဖွေရုန်းကန်နေတဲ့ အမျိုးသမီး ဖြစ်ပါသည်။)
Ref: Hein Min Htet
အပြည့်အစုံဖတ်လိုပါက Facebook ဖွင့်ပြီးမှကြည့်ပါရန်....မေတ္တာရပ်ခံအပ်ပါသည်။

No comments:
Post a Comment