သတ်မှတ်အရည်အချင်းနှင့် ပြည့်မီပါက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ
ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ်
ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော် ဇံမြင့်က ယနေ့ပြောကြားသည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် သတ်မှတ်အရည်အချင်းများအား ပြီးခဲ့သည့် မတ် ၂၈ ရက်က နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးဥ ပဒေတွင် ပါရှိသည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံလိုသူများသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ များဖြစ်ရခြင်း၊ မိမိအ ရွေးချယ်ခံမည့် ရပ်ကွက်တွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ်နေထိုင်သူဖြစ်ရခြင်း၊ ကျန်းမာရေးကောင်းမွန်၍
ပညာအရည်အချင်း အသင့်အတင့်ရှိရမည်ဖြစ်ပြီး အထိုက်အလျောက် စား ၀တ်နေရေး
ဖူလုံသူဖြစ်ရခြင်း၊မတရား အသင်းများနှင့် အဆက်အသွယ်ရှိသူ မဖြစ်ရခြင်း စသည့်
အချက်များ ဥပဒေတွင် ပါရှိသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ၁၅
ရက်မြောက်နေ့တွင် ဘားအံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်နန်းဆေအွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးများအား
အရည်အချင်းနှင့် ကိုက်ညီပါ က အမျိုးသမီးများအား ရွေးချယ်ပိုင်ခွင့်
ရှိမရှိနှင့် စပ်လျင်းသည့်မေးခွန်းအား ပြည်ထဲရေးဒုဝန်ကြီး မှ
ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းပြောကြားသွားခြင်း ဖြစ်သည်။
Ref: နေပြည်တော်၊ဇူလိုင်-၂၆
No comments:
Post a Comment