
မြေဈေးနှုန်း ကြီးမြင့်သည့် ရန်ကုန်မြို့ ဆူးလေစေတီတော် အနီးဝန်းကျင်ကို တွေ့ရစဉ်
လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ်
ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည်
နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှုများ၊
မသမာမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်းကို
အမျိုးသား လွှတ်တော်ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာကော်မတီ၏
အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။
ငွေကြေးအရင်းအနှီးမြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့်
ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့်
မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း
သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု
တင်ပြထားကြောင်း သိရသည်။
ငွေလဲလှယ်နှုန်းတစ်သမတ်တည်း ဖြစ်စေရေးအတွက် ဆောင်ရွက်နေသော်လည်း
ငွေလဲကောင်တာနှုန်း၊ ပြင် ပဈေးနှုန်း၊ FEC ဈေးနှုန်း၊ Earning နှုန်းများ
ကွာခြားမှုရှိနေခြင်းတို့ကြောင့် ငွေကြေးလဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်အောင်
လုပ်ဆောင်သင့်ပြီး ငွေကြေးလဲလှယ်နှုန်း အတက်အကျ ကွာခြားချက်
နည်းနိုင်သမျှနည်း၍ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်သင့်ကာ
ဈေးကွက်စနစ်ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း အကြံပြုထားသည်ဟု သိရသည်။
ယခုအခါ ပုဂ္ဂလိကဘဏ် ၁၁ ခု အား နိုင်ငံခြားငွေစာရင်း
ဖွင့်လှစ်ခွင့်ခွင့်ပြုပြီးဖြစ်၍ အက်ဖ်အီးစီ ဆက်လက်ထားရှိသုံးစွဲရန်
သင့်မသင့်၊ Stock Exchange စနစ် ဖြစ်ပေါ်လာပါက Stock Share ဈေးကွက်
လုခြင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ ဗဟိုဘဏ်တွင် စုဆောင်းထားရှိသည့်
နိုင်ငံပိုင်နိုင်ငံခြားငွေ ပမာဏ၊ ရွှေပမာ ဏနှင့် ဗဟိုဘဏ်မှ ထုတ်ဝေထားသည့်
FEC ပမာဏ အခြေအနေများကို အများပြည်သူသိရှိအောင် အချိန် အခါ သတ်မှတ်၍
ထုတ်ပြန်ကြေညာပေးသွားသင့်ကြောင်း အကြံပြုတင်ပြထားသည်။
အခွန်ကိစ္စနှင့် ပတ်သက်၍လည်း အမြတ်ခွန်အများဆုံး ပေးဆောင်သော လုပ်ငန်း ၁၀
ခုတွင် အကြီးဆုံးလုပ် ငန်းရှင်များ မပါဝင်ခြင်းမှာ
စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံ
မှန်ကန်စွာ စုဆောင်းရရှိမှု မရှိခြင်း၊ ကုမ္ပဏီကြီးများက ဥပဒေနှင့်အညီ
ပေးဆောင်မှု မရှိခြင်း၊ အခွန်ရ ရှိအောင် တာဝန်ယူရသည့်ဌာနများ၊ ၀န်ထမ်းများ၏
ဆောင်ရွက်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ဂျီဒီပီနှင့် အခွန်ရရှိမှုမှာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့်
ကမ္ဘောဒီးယား ၁၀ ရာခိုင်နှုန်း၊ လာအို ၁၁ ရာခိုင်နှုန်း၊ ဗီယက်နမ် ၂၁
ရာခိုင်နှုန်း ရှိနေချိန်တွင် ၃ ရာခိုင်နှုန်းသာ ရှိပြီး ရသင့်သည့်အခွန်
မရရှိသည်နှင့် အမျှ ဘတ်ဂျက်လိုငွေပြပြီး တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊
လူမှုရေးများတွင် ဖွံ့ဖြိုးတိုးတက် မှုနှေးကွေးနိုင်ကြာင်း ဖော်ပြထားသည်။
အခွန်ထမ်းက အခွန်ရှောင်ခြင်း၊ အခွန်ဝန်ထမ်းများက နိုင်ငံထက် ယင်းတို့၏ကိုယ်ကျိုးအ တွက် ဆောင်ရွက်နေခြင်းများကို လျော့နည်းပပျောက်စေမည့်
အခွန်မူဝါဒမျိုး ချမှတ်ကျင့်သုံး သင့်ကြောင်း၊ ကုန်ထုတ်လုပ်မှုအဆင့်ဆင့်၊
ရောင်းဝယ်ဖောက်ကားမှု အဆင့်ဆင့်အပေါ်တွင် အခွန်အကြိမ်ကြိမ် စည်းကြပ်ကောက်ခံခြင်းများကြောင့် ရရှိသည့်အခွန်သည် သက်ဆိုင်ရာ
လုပ်ငန်းရှင်ကြီးများ၊ ကုမ္ပဏီကြီး များက ကျခံရခြင်းမဟုတ်ဘဲ သွယ်ဝိုက်သောနည်းအားဖြင့် စားသုံး၊ သုံးစွဲသူများကသာ ကျခံရသည်ကို သတိပြုသင့်ကြောင်း
အကြံပြုထားသည်။
အခွန်မှန်ကန်စွာ ရရှိရေးအတွက် အခွန်အကောက် ကောက်ခံခြင်း ခံရမည့်
လူပုဂ္ဂိုလ်(အခွန်ထမ်း)၊ လုပ်ငန်း၊ ပစ္စည်းအားအမျိုးအစားနှင့်
အတန်းအစားခွဲခြားခြင်း၊ ကောက်ခံခြင်းခံရမည့်အရာများ မှန်ကန်သည့် တန်ဖိုး၊
ဈေးနှုန်း သတ်မှတ်ပေးခြင်း၊ ကောက်ခံခြင်း ဆောင်ရွက်မည့်သူများ
စနစ်တကျဖွဲ့စည်းခြင်းနှင့် ယင်းတို့၏တာဝန်ဝတ္တရားများ သတ်မှတ်ပေးခြင်း၊
အခွန်ကောက်ခံခြင်း ဆောင်ရွက်မည့် အဖွဲ့အစည်း ပုဂ္ဂိုလ်များအတွက်
စည်းမျဉ်းစည်းကမ်းများ တိကျစွာ သတ်မှတ်ပေးခြင်းများအပြင် ပြည်သူများ
ယုံကြည် လက်ခံနိုင်သည့် အခွန်မူဝါဒ၊ ရှင်းလင်းလွယ်ကူသည့်
အခွန်စနစ်များပါရှိသည့် ဥပဒေများကို ခေတ်ကာ လနှင့်အညီ
ပြန်လည်ရေးဆွဲသွားသင့်ကြောင်း အကြံပြုထားကြောင်း သိရသည်။
ငွေရေးကြေးရေးမူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများ ဟန်ချက်ညီစွာ အပြန်အလှန်
အထောက်အကူပြုရေး အတွက် လက်ရှိတွင် ငွေကြေးဖောင်းပွမှု မြင့်မားနေသည့်အတွက်
ယင်းကို ထိန်းသိမ်းနိုင်ရန်အတွက် ဘတ်ဂျက်အသုံးစရိတ်များကို လျှော့ချခြင်း၊
အခွန်အကောက်များကို ပိုမိုရရှိအောင် စွမ်းဆောင်ခြင်းအားဖြင့်
ဘတ်ဂျက်လိုငွေပမာဏကို လျော့ကျအောင် လုပ်ဆောင်သင့်ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက် လာအောင် စွမ်းဆောင်သင့်ကြောင်း
တင်ပြထားသည်။
Ref: Eleven Media Group
No comments:
Post a Comment