Tuesday, July 10, 2012

အနားယူသွားသော ဒုသမ္မတ ဦးသီဟသူရတင်အောင်မြင့်ဦး၏ နေရာအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ဆွေ ရေပန်းစားလျက်ရှိ


 ရန်ကုန်တိုင်းဒေသကြီး၏ ၀န်ကြီးချုပ် ဦးမြင့်ဆွေ

အနားယူသွားသော ဒုသမ္မတ ဦးသီဟသူရတင်အောင်မြင့်ဦး၏ နေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ၏ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ဆွေ ရေပန်းစားလျက်ရှိကြောင်း နေပြည်တော်လွှတ်တော်အသိုင်းအ၀ိုင်းမှ သိရသည်။

၎င်းအကြောင်းအရာနှင့်ပတ်သတ်၍ လွှတ်တော်အတွင်းရှိ တပ်မတော်သား(၂၅)ရာခိုင်နှုန်းမှ ခိုင်လုံသည့် သက်သေအထောက်အထားဖြင့် ရွေးချယ်တင်မြှောက်သည့်ဒုသမ္မတအား ကန့်ကွက်မှုပြုလုပ်နိုင်သည်ဟု ဆိုကြောင်းကိုလည်း သိရှိရသည်။

ဒုတိယ သမ္မတ ရာထူး နေရာ အတွက် ဦးမြင့်ဆွေဟာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၅ ဆင်းဖြစ်ပြီး၊ ရန်ကုန်တိုင်းတစ်ခုလုံးကို အနီးကပ်လုံခြုံရေး တာဝန်ယူရတဲ့ တပ်မ ၁၁ တပ်မမှူး၊ ရန်ကုန်တိုင်းတိုင်းမှူး၊ စစ်ဘက်ရေးရာလုံခြုံရေး အကြီးအကဲ စတဲ့ အရေးပါတဲ့ ရာထူးနေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းဒေသကြီး၏ ၀န်ကြီးချူပ်အဖြစ်သော်လည်ကောင်း ၊ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် လျက်ရှိသည်။

No comments:

Post a Comment