
လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်
ဥပဒေပြဋ္ဌာန်းရေးအဆိုတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပါ ၀င်ဆွေးနွေးခဲ့သည်။
ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်
စတုတ္ထပုံမှန်အစည်းအဝေးတွင် ပါဝင်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးလွှတ်တော်အတွင်း ဆွေးနွေးမှုဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မက ရန်ကုန်တိုင်းဒေသကြီး၊
ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်
ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုး များရဲ့
အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ အနည်းငယ်
ဆွေးနွေးချင်ပါတယ်။ အခုဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဆိုလို့ရှိရင်
တိုင်းရင်းသားလူမျိုးများဆိုတဲ့ ဝေါဟာရကို သတ်သတ် မှတ်မှတ် အဓိပ္ပာယ်
ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေမှာဆိုရင်တော့
တိုင်းရင်းသားဆို တာ ၁၈၂၃ ခုနှစ်ကစပြီး ဒီမိခင်နိုင်ငံမှာ မှီ
တင်းနေထိုင်ခဲ့တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပာယ်ဖော်ထားပါ တယ်။
အဲဒီအထဲမှာ ဗမာတွေလည်း ပါပါတယ်။ အခုဆွေးနွေးချက်တွေအရဆိုရင်
ပြည်နယ်တွေ ကိုအခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို
ရည်ညွန်းပြီးတော့ ပြောသွားတယ်လို့ ကျွန်မတို့ မှတ်ယူရပါတယ်။ ပြည်နယ်တွေ
အကြောင်းပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေ မှုနဲ့
ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဟာ ပြည်နယ်ဒေသတွေ ဖြစ်ပါတယ်။
ချင်းပြည်နယ်ဆိုလို့ရှိရင် ခုနောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့
ကိန်းဂဏန်းများ အရ ၇၃ ဒသမ ၃ ရာခိုင်နှုန်း၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆ ဒသမ ၎
ရာခိုင်နှုန်း၊ ရှမ်းမြောက်ဆိုရင် ၃၇ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းတောင်ဆိုရင်
၂၅ ဒသမ ၂ ရာခိုင်နှုန်း၊ ပျမ်းမျခြင်းအားဖြင့် ရှမ်းပြည်နယ်ရဲ့
ဆင်းရဲမွဲတေမှုနှုန်းဟာ ၃၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့
ဆင်းရဲမွဲတေမှုနှုန်းတော့ ၄၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှ ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅ ဒသမ ၆
ရာခိုင်နှုန်းဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ
ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနှုန်းထက် မြင့်နေတယ်ဆိုတာကို
မြင်ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလည်း ၂၈ ဒသမ ၆ ရာ ခိုင်နှုန်းနဲ့
ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့
ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကိုကြည့်ခြင်းအားဖြင့်
ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေနေဟာ ကျေနပ်ဖွယ်ရာ
မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျွန်မတို့ရဲ့နိုင်ငံမှာ
ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့်
တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို
ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက်
များစွာပိုပြီး ကျယ်ပြန့် နက်နဲတယ်ဆိုတာကို ကျွန်မတို့ ဆိုနိုင်ပါတယ်။
ဒါကို ထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့
တန်းတူညီမျှရေး၊ အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့
စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်း လာရေးအတွက် ကျွန်မတို့
လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဆွေးနွေး ညှိုနှိုင်းပြီး
တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက်
ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သ လို ပြဋ္ဌာန်းခြင်းတို့
ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်း ဦးတီခွန်မြတ်ရဲ့အဆိုကို ကျွန်မအနေနဲ့
ထောက်ခံပါ တယ်။ ကျေးဇူးတင်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ယင်းအဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊
ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်
တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုဆွေးနွေးမှုတွင်
အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးအုန်းကြိုင်၊
ဦးကျော်သီဟ၊ ဦးမင်းသူ တို့ ဆွေးနွေးခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment