ဂျပန်နိုင်ငံသို့ ပြန်လည်ပေးဆပ်ရန် ကျန်ရှိသောချေးငွေများကို
နှစ်ရှည်ချေးငွေရယူကာ ပြန်လည်ပေး ဆပ်ရန် တင်ပြချက် ပြည်ထောင်စုလွှတ်တော်မှ
ဇူလိုင်လ ၂၄ ရက်နေ့တွင် သဘောတူခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ JICA ချေးငွေ (ယခင် OECF ချေးငွေ)ရယူခဲ့သည့် ၀န်ကြီးဌာန ၁၂
ခုရှိပြီး ၁၉၇၀ ပြည့်နှစ်မှ စတင်ကာ ချေးငွေများရယူခဲ့ကြောင်း၊
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ
ပြန်လည်ပေးဆပ်ရန် ကြွေးမြီမှာ ဂျပန်ယန်း ၅၀၂ ဒသမ ၄ ဘီလျံ ဖြစ်ကြောင်း
သိရှိရသည်။
ဂျပန်နိုင်ငံအစိုးရမှ အဆိုပါကြွေးမြီများအနက် နောက်ကျကြေး ဂျပန်ယန်း ၁၇၆
ဒသမ ၁ ဘီလျံအား ကြွေးလျော်ခြင်း၊ ကြွေးမြီ ဂျပန်ယန်း ၁၂၇ ဒသမ ၄ ဘီလျံကို
ပယ်ဖျက်ပေးခြင်း၊ ကျန်ရှိသောကြွေးမြီ ဂျပန်ယန်း ၁၉၈ ဒသမ ၉ ဘီလျံအား
နှစ်ရှည် သက်သာသော ချေးငွေအသစ်တစ်ရပ် ထုတ်ပေးခြင်းဖြင့် မြန်မာနိုင်ငံက
ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကို ဖြေရှင်းရန်ဖြစ်ကြောင်း
သိရှိရသည်။
ထိုသို့ ပေးဆပ်နိုင်ရန်အတွက် ဂျပန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး
ဘဏ်များဖြစ်သော Bank of Tokyo Mitsubishi ၊ Mitsubishi-Sumitomo Bank နှင့်
Mizoho Bank တို့မှ နှစ်ရှည်ချေးငွေများ ချေးယူသွား မည်ဖြစ်ကြောင်း
သိရှိရသည်။
Ref: Eleven Media Group
No comments:
Post a Comment