Wednesday, July 11, 2012

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ရန်ကုန်တိုင်းဒေသကြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ရန်ကုန်တိုင်းဒေသကြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီး ဌာနစစ်ထောက်ချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခြင်းခံထားရသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ နေရာတွင် ၎င်းအား အစားထိုး ခန့်အပ်ဖွယ် ရှိသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေတွင် ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း နှင့် ပတ် သက်၍ ပုဒ်မ ၆ (က)တွင် ပြဋ္ဌာန်းထားသည်မှာ ''နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က) ပါ အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်၍ ၎င်း၏အမည်စာရင်းကို လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက် ရယူပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်''ဟူ၍ ဖြစ်ပါသည်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ တွင် ပြဋ္ဌာန်းထားသည်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မိမိအမည်စာရင်း တင်သွင်းထားသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်  တစ်ဦးဦးကို အစားထိုးပြောင်းလဲလိုကြောင်း ကော်မရှင်သို့ အကြောင်းကြားသည့်အခါ အစားထိုးပြောင်းလဲလိုသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို အများပြည်သူ သိရှိနိုင်ရန် ကြေညာရမည်။
ထိုသို့ ကြေညာသည့်နေ့မှစ၍ ပြောင်းလဲခြင်းခံရသော မူလလွှတ်တော် ကိုယ်စားလှယ်သည် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည် ဟူ၍ ဖြစ်သည်။





No comments:

Post a Comment