ရန်ကုန်-မန္တလေး ရထားစီးနင်းသူ မိုးကုတ်မြို့မှ အသက် ၅၅ နှစ်ကျော် အရွယ်ရှိ အမျိုးသမီးတစ်ဦးက
''အရင်တုန်းကဆို
ရထားခက ဈေးသက် သာတော့ စီးတာများကြပေမယ့် အခုနောက်ပိုင်း ရထားနဲ့
ကားခလက်မှတ် ကအတူတူပဲဆိုတော့ ရွေးချယ်မှုက ကားဘက်ကို သာနေတယ်။ ကားလက်မှတ်
ကျပ်တဲ့အခါမျိုးနဲ့ ဘူတာနှင့် နီးတဲ့သူတွေသာ စီးကြတော့တယ်။ ၁၄ နာရီ
ခုတ်မောင်းတယ် ဆိုပေမယ့် ရပ်နားထားတာတွေကိုပါ ထည့်တွက်လျှင် အမှန်
၁၈နာရီလောက်ကြာ နိုင်တယ်''ဟု ပြောသည်။
၎င်းက အချိန် ၈နာရီနှင့် သာရောက်ပါက ကားနှင့်နှိုင်းယှဉ်လျှင် အန္တရာယ်ဖြစ်နိုင်မှု အခြေအနေမရှိ သလောက်
နည်းပါးခြင်းကြောင့် ရထားကိုသာစီးမည်ဟု ပြောသည်။
ရန်ကုန်-မန္တလေး အမြန်ရထားများသည် တစ်နာရီလျှင် မိုင် ၃ဝ သာ ခုတ်မောင်း ပြီး ပျော်ဘွယ်-ရမည်းသင်းတို့၌ တစ်နာရီ ၄၅ မိုင်နှုန်း ခုတ်မောင်းနေကြောင်းမြန်မာ့မီးရ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ''မြန်နှုန်းမြှင့်ရပါမယ်။ ဒါမှ ခုတ်မောင်းချိန်က နည်းသွားမှာပါ။ ဒီမှာရှိတဲ့ လမ်းပိုင်း၊ သံလမ်းအခြေအနေတွေကို ကြိုတင်ပြီး မြန်မာ့မီးရထားပိုင်းက စလုပ်နေတာ မျိုးတွေလုပ်နေပါပြီ''ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်-မန္တလေး
အမြန်ရထားပြေးဆွဲကြာချိန်မှာ ၁၄ နာရီဖြစ်ပြီး ၈ နာရီဖြင့်
အရောက်သွားနိုင် ရန် အတွက် ဂျပန်အစိုးရက ကူညီသွားမည်ဟု သိရသည်။
ရန်ကုန်-မန္တလေးလမ်းပိုင်း
နည်းတူ ရန်ကုန်-နေပြည်တော် အား ရထားဖြင့် အချိန်တစ်နာရီကြာ သာစီးနင်းပြီး
သွားရောက်နိုင်မည့် အစီအစဉ်ကို ဆောင် ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်းက မီဒီယာ များနှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောခဲ့ဖူးသည်။
ရန်ကုန်-မန္တလေး အမြန် ရထား ပြေးဆွဲကြာချိန်ကို ထက်ဝက်လျှော့ချရန် အတွက်
ဂျပန်ပညာရှင်များ ဆန်းစစ်သုတေသန ပြုလုပ်နေကြပြီဟု ရထား
ပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
ဂျပန်ပညာရှင်များ၏ သုတေသနအစီရင်ခံစာ ပေါ်ထွက်ပြီး မကြာမီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက် သွားမည်ဟု ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူက ပြောသည်။
''ရန်ကုန်-မန္တလေးလမ်းပိုင်း ကို ဂျပန်ပညာရှင်တွေ လေ့လာပြီးတာနဲ့ အစီရင်ခံစာ ထွက်လာပါမယ်။ ဒီအစီရင်ခံစာကို နှစ်ဖက်ညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ကြပါမယ်'' ဟု ၄င်းကပြောသည်။
၃၈၅ မိုင်ခန့် ရှည်လျားသည့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား၊ စာပို့နှင့် ရိုးရိုး ရထားများ ပြေး ဆွဲနေသော်လည်း ဂျပန်အစိုးရက အမြန်ရထားပြေးဆွဲချိန်ကိုသာ ထက်ဝက်လျော့ကျသွားရန် ကူညီပေး မည်ဟု ၄င်းက ဆက်လက်ပြောသည်ဟု သတင်းရရှိပါသည်။
No comments:
Post a Comment