
နှစ်စဉ် အာဇာနည်နေ့တွင်သာ ဖွင့်လှစ်ပေးခဲ့သည့် ဗိုလ်ချုပ်ပြတိုက်အား
ယခုနှစ် မတ်လ ၅ ရက်ကပင်စတင်ပြီး တနင်္လာ၊ အင်္ဂါနှင့် ပြန်တမ်းဝင်
ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် နေ့စဉ် ဖွင့်လှစ်ပေးထားကြောင်း
ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။
နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လူကြီး ကျပ် ၃၀၀၊ သံဃာတော်၊ သီလရှင် နှင့်ကလေး ကျပ် ၁၀၀ ဖြင့် ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး အာဇာနည်နေ့ ဇူလိုင် ၁၉ ရက်တွင် အထူးအစီအစဉ်အနေဖြင့် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ မည်သူမဆို အခမဲ့ကြည့်ရှုလေ့လာခွင့်ပေးထားသည်။
Ref: 7Day News Journal
No comments:
Post a Comment