Tuesday, July 3, 2012

နိုင်ငံ့အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ်က ပြည်သူနှင့် နိုင်ငံ့က ပေးလာသောတာဝန်အရ ဖြစ်လာသည့်နိုင်ငံ့ရေးသမား

ပြည်သူ့အကျိုးဟုသာ ပါးစပ်ကပြော၍ မိမိပါတီအာဏာရရေးအတွက်သာ ပြည်သူများကိုသွေးထိုး ပွဲလန့် တုန်း မိမိပါတီအတွက် ဖျာခင်းလိုသောနိုင်ငံ့ရေးသမားများသာ မြန်မာနိုင်ငံ့တွင်များလာသည်။ မြန်မာပြည်သူ ကိုချစ်သည် တိုင်းပြည်အတွက်ဆိုလျှင် ပြည်သူ့ဘ၀ဖွံ့ဖြိုးရန် မိမိတက်နိုင်သည့်ဘက်က ပြုလုပ်ပေး၍သာ စည်းရုံးသင့်သည်။ ယခုမှ တိုင်းပြည်ဖွံ့ဖြိုးရေးဒုံးကို လွှတ်တင်ရန် အစိုးရကြိုးစားနေဆဲမှာ လောင်စာများများ ထည့်ခိုင်း၍ အမြင့်ကိုပျံစေချင်သောစိတ်ကတော့ အထက်ပါနိုင်ငံ့ရေးသမားများအတွက် စစ်မှန်သောမျိုးချစ် စိတ်လို့တော့ဆိုနိုင်သည်။ သို့သော် လိုအပ်သောလောင်စာထက်များများထည့်လျှင် တိုင်းပြည်ဖွံ့ဖြိုးရေးဒုံး သည် အထက်မရောက်ဘဲ အောက်တွင်ပေါက်ကွဲသွားနိုင်သည်ကို သတိပြုသင့်သည်။


နိုင်ငံ့ရေးသမားဟုဆိုသည်မှာ တိုင်းပြည်တွင် နိုင်ငံ့ပြည်သူများ၏ယုံကြည်မှု၏ သင်္ကေတဖြစ်သလို ပြည်သူ့ ကိုယ်စားများလည်းဖြစ်ကြသည်။ တိုင်းပြည်၏လိုအပ်ချက်နှင့် ပြည်သူ၏လိုအပ်ချက် နှစ်ချက်ကြားက ချိန်ခွင်လျှာမှာလည်း နိုင်ငံ့ရေးသမားများသာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံ့ရေးသမားဟုဆိုလာ လျှင် အမှန်စင်စစ်ကတော့ လုပ်ပိုင်ခွင့်အာဏာခံယူရန်၊ မိမိသမိုင်းကို နိုင်ငံ့မျက်နှာစာတွင်ရေးထိုးရန် ကိုသာ အဆုံးတွင် ဦးတည်သွားသည်။ အစမှာတော့ ပြည်သူ့အတွက်နှင့်စကြသည်။ ထိုအထဲတွင် တစ်ချို့က မိမိ ဘာသာလုပ်ယူသည့် နိုင်ငံ့ရေးသမား၊ တစ်ချို့က ပြည်သူနှင့်နိုင်ငံ့က ပေးလာသောတာဝန်အရ ဖြစ်လာ သည့်နိုင်ငံ့ရေးသမားဟူ၍ (၂) မျိုးထပ်ခွဲပြန်သည်။ နိုင်ငံ့အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်က ပြည်သူနှင့် နိုင် ငံ့က ပေးလာသောတာဝန်အရဖြစ်လာသည့်နိုင်ငံ့ရေးသမား သာဖြစ်လေတော့သည်။

ယနေ့ ဒီမိုကရေစီခေတ်တွင်မူ မိမိ ဘာသာလုပ်ယူသည့် နိုင်ငံ့ရေးသမားများသာ အများဆုံးတွေ့နေရသည်။ မိမိကိုဂုဏ်တင်ရန် အတွက်အခြားသူ လုပ်သည်၊ မလုပ်သည်ကိုမသိ နားနှင့် အထင်ဖြင့်နားထောင်သူ နိုင် ငံ့ရေးသမားလည်းရှိသည်။ မိမိပေးအပ်မည့် နိုင်ငံ့အကျိုးစီးပွားကို လက်ခံမည့်သူများက လူမိုက်လား၊ လူလိမ္မာလားဆိုတာ မျက်စိဖြင့်ကြည့်သူ နိုင်ငံ့ရေးသမားတွေလည်းရှိသည်။ မိမိလက်အောက်ကပါတီဝင်များ က ပေးသည့်သူတို့ပတ်ဝန်းကျင်၊ အမျိုးများ၊ မိတ်ဆွေများ၏ ပတ်ဝန်းကျင်ကောင်းစားရေးအတွက် အရေးယူပေးပါရန် တောင်းဆိုသည်ကိုသာလုပ်ပေးသည့် နိုင်ငံ့ရေးသမားတွေလည်းရှိသည်။ 


နိုင်ငံ့အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ်က ပြည်သူနှင့် နိုင်ငံ့က ပေးလာသောတာဝန်အရ ဖြစ်လာ သည့်နိုင်ငံ့ရေးသမား သာဖြစ်လေတော့သည်။


 အာဇာနည် စိတ်ဓါတ်တွေ ယနေ့ခေတ်မှာကောသွားပြီး ဖဆပလခေတ် နိုင်ငံ့ရေးအကွဲအပြဲဆန်ဆန် ပါတီစွဲစာပေကလောင်များ တိုက်ခိုက်ကြသည့်ခေတ်ပုံစံသာ ယနေ့မြန်မာပြည်မှာ တွေ့ရတော့သည်။ သွားလေသူ အာဇာနည်များ၏ လူအများစုရော လူနည်းစုပါ နှစ်ဦးနှစ်ဖက်မျှတစွာကြည့်၍ နိုင်ငံ့အတွက် လုပ်သင့်လုပ်ထိုက်သည်သာလုပ်သော အာဇာနည်စိတ်ကို အာဇာနည်နေ့ကတည်း မြန်မာပြည်တွင် မြုပ်နှံ ထားသည်ကို ယနေ့တိုင် မည်သူမှ တူးဖော်နိုင်စွမ်းမရှိတော့လေသတည်း။                        ။

written by: Innamam

No comments:

Post a Comment