Sunday, July 8, 2012

နည်းနည်းလေးပဲ အမေကျော်၍ ဒွေးတော်လွမ်းစေချင်

နိုင်ငံရေးသမားလုပ်တော့မည်ဆိုလျှင် မိမိနိုင်ငံ့၏ ဖြစ်တည်မှုသမိုင်း၊ လူမျိုး၏ ဓလေ့စရိုက်၊ ဖွံ့ဖြိုး တိုးတက်နိုင်မှုနှုန်းစသည့်တို့ကို သေချာဂဃနနသိရန်လိုအပ်သည်။ နောက်တစ်ခုက မိမိ ယူဆလက်ခံ ထားသောနိုင်ငံရေးဝါဒသည် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် ကိုက်ညီမှုရှိမရှိကို လည်း လေ့လာသိရှိဖို့လိုအပ်သည်။



ကမ္ဘာ့နိုင်ငံကြီးများကိုတစ်ခုချင်းနှိုင်းယှဉ်ကြည့်လိုက်ပါက လုံးဝထပ်တူကျသောနိုင်ငံရေးဆိုတာလုံးဝမရှိချေ။
နိုင်ငံ့ရေးဝါဒထပ်တူကျသော်ငြားလည်း ဥပဒေဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေးစနစ်၊ တရားစီရင်ရေးစနစ် နှင့် နိုင်ငံ့စီး ပွားရေး အပါအ၀င်အခြားနိုင်ငံ့ရေးစနစ်များကား တစ်ခုမဟုတ်၊ တစ်ခုတော့ များစွာကွဲပြားခြားနားသည်ကို သာတွေ့ရမည်။

ထိုကဲ့သို့ဖြစ်ပေါ်နေရခြင်း၏ အဓိကအကြောင်းအရင်းမှာ နိုင်ငံများ၏ ဖြစ်တည်မှုသမိုင်း၊ နိုင်ငံများ၏ လူမျိုးဓလေ့စရိုက်၊ ဖွံ့ဖြိုး တိုးတက်နိုင်မှုနှုန်း ကွဲပြားခြင်းကြောင့်ဖြစ်သည်။ ဥပမာပြောရလျှင် အမေရိ ကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံကို စာဖတ်သူစိတ်ထဲတွင်ယှဉ်ကြည့်ပါက ယင်းတို့၏ နိုင်ငံရေးပုံစံသည် လုံးဝထပ်တူကျပါသလား ဆို၍တွေ့နိုင်သည်။

ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးသမားအများစုတွေးထင်ယူဆသောအချက်တစ်ခုမှာ တိုးတက်နေသောနိုင်ငံ များ၏ နိုင်ငံရေးပုံစံကို ထပ်တူကူးချနိုင်မှသာ မိမိ၏နိုင်ငံအကျိုးရှိမည်ဟု ပင်ဖြစ်သည်။ ထိုအချက်မှာ မှန်သင့် သလောက်မှန်သော်လည်း မိမိနိုင်ငံ့၏ ဖြစ်တည်မှုသမိုင်း၊ လူမျိုး၏ ဓလေ့စရိုက်၊ ဖွံ့ဖြိုး တိုးတက်နိုင်မှုနှုန်း ကိုလိုက်၍ ယူသင့်သည်ကိုယူပြီး မယူသင့်သည်ကို ပယ်မှသာ လုံးလုံးမှန်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော်-
စာဖတ်သူသည် 
  • သူတို့နှင့်လူမျိုးချင်းတူပါရဲ့လား။
  • သူတို့ကဲ့သို့ ကံ၊ ဥာဏ်၊ လုံ့လ၊ ၀ီရိယ၊ မဆုတ်မနစ်သောဇွဲ ရှိပါရဲ့လား။
  • သူတို့ကဲ့သို့ စိတ်ထားနှင့် သူတို့လက်ခံထားသည့်အယူအဆ တူညီရဲ့လား။
နောက်ဆုံးသူတို့နှင့် ရုပ်ပိုင်းဆိုင်ရာအရည်အချင်း၊ စိတ်ပိုင်းဆိုင်ရာအရည်အချင်း ထပ်တူရှိမှသာလျှင် ထပ်တူကူးချ၍ရမည်။ ထိုသို့မဟုတ်က မိမိအတွက် အသုံးမ၀င်သည့်အရာများကို ဆုပ်ကိုင်ထားရသကဲ့ သို့ ဖြစ်နေပေလိမ့်မည်။ မိမိအသုံးမ၀င်သည့်အရာကို ဆက်လက်ဆုပ်ကိုင်ထားလျှင် အဘယ်ကဲ့သို့ ဖြစ်ကြ မည်နည်း။

ထိုကြောင့် မြန်မာ့နိုင်ငံရေးသမားများသည် ပြည်သူထောက်ခံမှုပိုမိုရရှိရန် အမေကျော် ဒွေးတော်လွမ်းအောင်
ပြည်သူများကို မမျှော်လင့်ခိုင်းဘဲ မိမိနိုင်ငံ့၏ ဖြစ်တည်မှုသမိုင်း၊ လူမျိုး၏ ဓလေ့စရိုက်၊ ဖွံ့ဖြိုးတိုးတက်နိုင် မှုနှုန်းကိုလိုက်၍ ယူသင့်သည်များကိုသာ ကူးယူ၍ နည်းနည်းလေးပဲ အမေကျော် ဒွေးတော်လွမ်းစေချင်ပါ သည်။                                ။

written: Innamam

No comments:

Post a Comment