အဆိုပါစနစ်အရ နိုင်ငံခြားဖုန်းခေါ်ဆိုမှုအတွက် Y-talk Password နံပါတ်မလိုပဲ Call Center ကုတ်နံပါတ် (1877) ကိုနှိပ်၍ ညွှန်ကြားသည့်အတိုင်း ခေါ်ဆိုလိုသည့် နိုင်ငံသို့ ဆက်သွယ်ခေါ်ဆိုနိုင်မည် ဖြစ်သည်။
၎င်းစနစ်၏ အားသာချက်မှာ ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် အင်တာနက်ဆိုင်ကို သွားရောက်စရာမလိုဘဲ ကြိုးဖုန်း၊ မိုဘိုင်းလ်ဖုန်းများ အသုံးပြု၍ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။
“ အခုလက်ရှိမှာ ခေါ်ဆိုခနှုန်းထားများတွေတော့ မသတ်မှတ် ရသေးဘူး၊ ခေါ်ဆိုခ နှုန်းထား သတ်မှတ် ပြီးရင် တရားဝင် ထပ်မံထုတ်ပြန်ကြေညာသွားမှာပါ” ဟု Call Center မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
သုံးစွဲသူများအနေဖြင့် ဖုန်းခေါ်ဆိုခနှုန်းထားများအား မိမိ တယ်လီဖုန်းဘေလ်မှ ကျပ်ငွေဖြင့် ပေးဆောင်ရမည် ဖြစ်သည်။
“ကျွန်တော်တို့က အရင်ကတည်းက ဒီလို လုပ်ဖို့ရှိတာပါ နောက်ပြီး မိုဘိုင်းဖုန်းတွေမှာလည်း နိုင်ငံခြားဖုန်းခေါ် ဆိုနိုင်အောင် လုပ်ဖို့ရှိပါတယ် ခုလောလောဆယ်တော့ Call Center နဲ့ ဒီစနစ်ကို ပေါင်းပြီးလုပ်နေပါတယ် ” ဟု V MG Telecoms ကုမ္ပဏီတို့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုခဲ့သည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုကို Y-talk Callingမှ နည်းပညာစနစ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ဇူလိုင်လ အတွင်းရရှိအောင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“အခုလို နိုင်ငံခြားကို တိုက်ရိုက်နီးပါး ဖုန်းခေါ်နိုင်မှာဆိုတော့ ကောင်းတယ်၊ ကျွန်တော်ဆို သားက စင်ကာပူ မှာလေ ဖုန်းခေါ်ခြင်ရင် Internet ဆိုင်ကို သွာရတယ်၊ အရေးကြီးရင် လွယ်လွယ်ကူကူ ဖုန်ခေါ်ဆိုလို မရဘူလေ ခုလို Call Centerနှင့် Y- talk Calling တို့ ပူပေါင်ပြီးလုပ်ပေးမှာဆိုတော့ အရင်ကထက်စာရင် ပိုကောင်တာပေါ့” ဟု လှည်းတန်းမှ ဦးဇော်ဝင်းက ဆိုသည်။ လက်ရှိအချိန်တွင် နိုင်ငံခြားသို့ဖုန်းခေါ်ဆိုလိုသူများအနေဖြင့် Pfingo နှင့် Skype ဆက်သွယ် စနစ်များကိုသာ အားထားခေါ်ဆိုနေရပြီး၊ နိုင်ငံအလိုက် တစ်မိနစ်လျှင် (၂၅)ကျပ် မှ ကျပ်(၂၀၀)၀န်းကျင်အထိ ရှိကြောင်း အင်တာနက်ဆိုင်များက သိရှိရသည်။
by Myit Makha
No comments:
Post a Comment