| ထီထိုးမှု လျော့ကျလာသောကြောင့် ထီအရောင်းဆိုင်အချို့ ထီတစ်စောင်လျှင်
ကျပ်နှစ်ရာဖြင့် ဇွန်လလယ်ပိုင်းမှ စတင်ရောင်းချမှုများ ရှိလာကြောင်း
ထီအရောင်းဈေးကွက်မှ စုံစမ်းသိရှိရပါသည်။ ထီအရောင်းဈေးကွက်အတွင်း ဆိုင်အများစုမှာ ထီတစ်စောင်လျှင် ကျပ် ၂၅၀ နှင့် ၃၀၀ ကျပ်အတွင်း ရောင်းချလျက်ရှိကြကာ ယခုလက်ရှိ အချိန်ကာလသည် မိုးရာသီကာလဖြစ်နေသည့်နည်းတူ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဆဲကာလလည်း ဖြစ်နေမှုများကြောင့် ထီကံစမ်းကြမှုများမှာ သိသိသာသာ လျော့ကျလာလျက်ရှိသည်။ ''ဇွန်လဆန်းပိုင်းကစပြီး ထီကံစမ်းတဲ့သူတွေ သိသိသာသာ လျော့ကျနေတာ အခုဆိုရင် လ၀က်ရှိနေပါပြီ။ အရင်ကတော့ ထီတစ်စောင်ကို ကျပ် ၂၅၀ အနည်းဆုံးထားပြီး ရောင်းပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ထီကံစမ်းတဲ့သူ လျော့ကျလာတာကြောင့် အရောင်းမြင့်တင်တဲ့အနေနဲ့ ထီတစ်စောင်ကို ကျပ်နှစ်ရာ၊ အထူးမင်္ဂလာစုံတွဲကို ကျပ် ၆၂၀၀ နဲ့ ဇွန်လ ၁၅ ရက်နေ့ကစပြီး ရောင်းချနေပါတယ်။ အဲဒီလိုရောင်းမှပဲ ထီကံစမ်းသူ တက်လာတော့တယ်''ဟု ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓ္ဓုလလမ်းထောင့်ရှိ ထီအရောင်းဆိုင်တစ်ဆိုင်က ဆိုပါသည်။ Ref: Eleven Media Group |
Tuesday, June 19, 2012
ထီအရောင်းဆိုင်အချို့ တစ်စောင်လျှင် ကျပ်နှစ်ရာဖြင့် ဇွန်လလယ်ပိုင်းမှ စတင်ရောင်းချမှုများ ရှိလာ
Labels:
ပင်မစာမျက်နှာ,
မြန်မာ့ရေးရာ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment