မြန်မာနိုင်ငံသည် ဒီမိုကရေစီလျှောက်လမ်းပေါ်သို့ ရောက်ချိန်တွင် ကမ္ဘာလှည့်ခရီးသွားများစွာ လည်ပတ်ရာနိုင်ငံတစ်ခု ဖြစ်လာသည်။ ထိုသို့ ကမ္ဘာလှည့်ခရီးသွားများအား လူပုဂ္ဂိုလ်အမည်နှင့်လမ်းများကို လမ်းညွှန်ပြသရာတွင် အခက်အခဲအချို့ရှိလေသည်။ အနော်ရထာလမ်းကို ပြောလျှင် ပထမနိုင်ငံ့တော်တည်ထောင်သော မြန်မာဘုရင်ဟု ရှင်းပြနိုင်သော်လည်း၊ ဒေါ်သိန်းတင်လမ်း၊ မကြီးကြီးလမ်း စသည့်လမ်းများကိုမူ ခရီးသွားများအား မရှင်းပြနိုင်သောအခါ များစွာအခက်တွေ့သည်။
`` ဦးလေး တစ်နေ့ကို ဒေါ်သိန်းတင်လမ်းကို ၄ကြိမ်လောက်ဖြတ်ဖြစ်တယ်...ဒါပေမယ့် ဒေါ်သိန်းတင်ဆိုတာဘယ်သူလဲမသိသေးဘူး´´ ဟု တက္ကစီမောင်းသူ ဦးလေးတစ်ဦးကဆိုလာပါသည်။ ဦးဖိုးစိန်လမ်းသည် တစ်ချိန်က ဇာတ်မင်းသားကြီး ဦးဖိုးစိန်၏ခြံသည် ယခုဂျပန်သံရုံးမှ မျက်စိဆေးရုံနောက်ရှိ ဆုထူးပန် ဘုန်းကြီးကျောင်းအထိ ရှိခဲ့ဖူးသောကြောင့် ဦးဖိုးစိန်လမ်းဟုခေါ်သည်ဟု မှတ်သားရသည်။
ကမ္ဘာလှည့်ခရီးသည်များအား ထိုလူပုဂ္ဂိုလ်များ၏သမိုင်းနှင့်တွဲ၍ လမ်းညွှန်ပါက ကမ္ဘာကမသိသေးသော မြန်မာ့သမိုင်းကို ကမ္ဘာလှည့်ခရီးသွားများသိနိုင်သကဲ့သို့၊ မြန်မာလူမျိုးများကိုလည်း မိမိနိုင်ငံအကြောင်းကို မမေ့သောမျိုးချစ်များအဖြစ်ချီးကျူးမည် ဧကန်ဖြစ်သည်။ ထိုကြောင့် လမ်းများ၏သမိုင်းများကို သိရှိရန်လိုအပ်သည်။
No comments:
Post a Comment