
ကမ္ဘာ့ဖလားပွဲတွေမှာ ဂျာမနီဟာအစဉ်အလာကြီးမားဆုံးအသင်းဖြစ်သလို ယူရိုမှာလည်း အောင်မြင်မှုအမြင့်ဆုံးအသင်းဖြစ်သည်။
ယခု ၂၀၁၂ ယူရိုမှာ ဂျာမန်ဝါရင့်ကွင်းလယ်ကစားသမား ရှဝိန်းစတိုက်ဂါးရဲ့ ဖန်တီးမှုအားနဲ့ ဂျာမန်ရှေ့တန်းကစားသမား ဂိုမက်စ်ရဲ့ တိုက်စစ်တွေဟာ ဂျာမနီအသင်းကို အုပ်စုပထမနဲ့ ကွာတားတက်စေခဲ့တာ အမှန်ပင်ဖြစ်သည်။ ဂျာမနီဂိုးသမားနူအာသည်လည်း ကမ္ဘာ့ထိပ်တန်းဂိုးသမားတစ်ယောက်ဖြစ်သည်။ယူရိုမစခင် လူငယ်ကစားသမားတွေဖြစ်တဲ့ အော့ဇီး၊ မူလာ၊ ခီဒီရာလို အလယ်တန်းတွေ၊ ဘန်ဒါ၊ ဟမ်မဲ၊ ဘတ်တူစတာ စတဲ့နောက်တန်းတွေပါဝင်သော ဂျာမနီဗိုလ်စွဲဖို့ထင်ကြေးဟာ နယ်သာလန်အသင်းထက်ပင် နိမ့်ခဲ့သည်။
ဒိန်းမတ်ကိုသရေကျရုံဖြင့် ဂျာမနီအုပ်စုတက်ရန်သေချာသော်လည်း အများမျှော်လင့်သလို သရေမကစားဘဲ အနိုင်ကစားသွားခဲ့သည်။ ထိုကဲ့သို့ ကစားအားနှင့် စိတ်ဓာတ်တို့သာ ရှေ့လာမည်ပွဲများတွင်ဆက်ရှိနေမည် ဆိုလျှင် ချန်ပီယံမဟုတ်ရင်တောင် ဂျာမနီကို အနည်းဆုံး ဆီမီးလောက်အထိ ယုံနိုင်သည်။
No comments:
Post a Comment