Tuesday, June 12, 2012

မြင့်မြတ်သော ၀ံသာနု ရက္ခိတ

နိုင်ငံ့ ခေါင်းဆောင်အဆိုမိန့်ခွန်းများမှ>> မိမိ၏ အမျိုးသားကိစ္စသာမက၊ လူတမျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံ့နှင့် တစ်နိုင်ငံ နည်းလမ်းတကျ ပူးပေါင်းဆက်ဆံကြခြင်းကိုလည်း ကျွန်ုပ်တို့ သတိမူရပေလိမ့်မည်။ ထိုသို့ ပူးပေါင်း ဆက်ဆံ ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့ အသီးသီးတို့၏ အကျိုးယုတ်ဘို့ဝေးစွ၊ အမျိုးမျိုးသော အကျိုးထူးများ ခံစားရန်ပင် ရှိသည်ဟု ဆိုလိုပေသည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်ပါလျှင် အလွန် မြင့်မြတ်သော ၀ံသာနု ရက္ခိတ၊ မိမိ၏အမျိုးကို မိမိစောင့်သည့်တရားနှင့် ကမ္ဘာသူ၊ ကမ္ဘာသားတို့နှင့် အကျိုးရှိအောင်နည်းလမ်းတကျ ဆက်သွယ်ပေါင်းသင်းရာလည်း ရောက်ပေသည်။ သို့မှသာလျှင် ကမ္ဘာတစ်ဝှမ်းလုံးတွင် ငြိမ်းချမ်းမှု လွတ်လပ်မှု ကြီးပွားမှု ရှိနိုင်ပေလိမ့်မည်။        ။
ဗိုလ်ချုပ်အောင်ဆန်း
(၁၉၄၆၊ ဇန်န၀ါရီ ၂၀ ၊ အလယ်ပစ္စယံညီလာခံ မိန့်ခွန်းမှ)

No comments:

Post a Comment