အလွန်အမင်း အားအင်ကုန်ခမ်းနေပြီး ပင်ပန်းနွမ်းနယ်နေသော အမျိုးသမီးများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့် သံဓာတ်အားဆေး သောက်သုံးပေးလျှင် ပြန်လည်အားအင် ပြည့်ဖြိုးလာနိုင်ကြောင်း ဆွစ်ဇာလန်သုတေသီများက ဇွန်လ ၆ ရက်တွင်ထုတ်ဖော်ပြောကြားခဲ့သည်။
အမျိုးသမီးများ အားနည်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်လက်မအိမသာဖြစ်ခြင်း တို့၏ အဓိကအကြောင်းအရင်းသည် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့တွေ့ရှိချက်ကို မကြာသေးမီက ကနေဒါဆေးဖက်ဆိုင်ရာ အသင်းဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။
ဆွစ်ဇာလန်သုတေသန ပညာရှင်များသည် အသက် ၁၈ နှစ်မှ ၅၃ နှစ်အတွင်းရှိ အမျိုးသမီး ၁၉၈ ဦးအား သုတေသနပြုလေ့လာခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးများ သံဓာတ်ချို့တဲ့မှုသည် ကလေးမွေးဖွားနိုင်သော အသက်အရွယ်များတါင် အဖြစ်များကြောင်း ဆွစ်ဇာလန် လော်ဆင်နီတက္ကသိုလ်မှ သုတေသနအဖွဲကခေါင်းဆောင် ဒေါက်တာ ဘားနတ်ဖက်ရက်က ပြောကြားခဲ့သည်။ ။
Ref: NHK

No comments:
Post a Comment